0
 လမ်းမပေါ် ဓားကိုင်ဆဲဆို ရမ်းကားနေသူကို လှည့်ကင်းအဖွဲ့ ဖမ်းဆီးအရေးယူ

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် လှော်ကား နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်တွင် နိုဝင်ဘာလ ၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အများသူငါ သွားလာလျက်ရှိသော လမ်းမပေါ်၌ ဓားကိုင်ပြီး ဆဲဆိုရမ်းကားနေသူတစ်ဦးကို နယ်မြေ လှည့်ကင်း အဖွဲ့ကတွေ့ရှိ၍ ဖမ်းဆီးအရေးယူခဲ့သည်။

ဖြစ်စဉ်မှာ လှော်ကားနယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ကြပ် ကျော်သူရ၊ ရဲဒုတပ်ကြပ်ဝေလွင်၊ ရဲတပ်သား ကြည်မိုးလှိုင်တို့အဖွဲ့ သည် အပိုင်ရာအိမ်မှူးသက်သေများနှင့်အတူ ထ/၁၆ ရပ်ကွက် အတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် လှော်ကား-ဝါးတရာ လမ်းမပေါ်၌ လွင်နိုင်ဌေးဆိုသူမှာ အရိုးအသွား ကိုးလက်မခွဲခန့်ရှိ လက်ကိုင်အဝါရောင်ကော်ရိုးတပ် စတီးဓားဦးချွန်တစ်ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကိုတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ကြပ် ကျော်သူရ၏ တရားလိုပြုလုပ်တိုင်တန်းချက်အရ အများသူငါးသွားလာနေသော လမ်းမပေါ်တွင် ဓားကိုင်ရမ်းကား နေသူလွင်နိုင်ဌေး(၃၁)နှစ်ကို လှော်ကားရဲစခန်းက (ပ)၆၃၈/ ၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ-၁၉(င)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ကိုကိုနိုင်(ရွှေပြည်သာ)
The Union Daily
https://www.facebook.com/uniondaily.net

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top