အစိုးရနည်းပညာကောလိပ်နဲ့ စက်မှုလက်မှုသိပ္ပံကျောင်းတွေမှာ ၂၀၁၆-၁၇ ပညာသင်နှစ်ကစပြီး ကျောင်းဝတ်စုံ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
ကျောင်းဝတ်စုံအဖြစ် ကျောင်းတံဆိပ်တပ်ဆင်ထားတဲ့ ရှပ်အင်္ကျီအဖြူရောင်နဲ့ ဘောင်းဘီ (နက်ပြာရောင်)၊ လက်တွေ့ခန်းဝတ်စုံအဖြစ် စပို့ရှပ်အဖြူရောင်နဲ့ ဘောင်းဘီနက်ပြာရောင်တို့ကို ပြောင်းလဲဝတ်ဆင်ရမှာဖြစ်ပြီး လက်တွေ့ပြုလုပ်ချိန်မှာလည်း ကင်းဘတ်ဖိနပ်စီးဖို့ လိုအပ်ပါတယ်။
ယခင်ကျောင်းဝတ်စုံမှာ ရှပ်အင်္ကျီအဖြူရောင်နဲ့ ပုဆိုးနက်ပြာရောင်ဖြစ်ပြီး အခု ရင်ဘတ်တံဆိပ်နေရာမှာ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းတံဆိပ်နဲ့ ကျောင်းအမည်တွေတပ်ဆင်ဖို့နဲ့ ဘယ်ဘက်လက်မောင်းနေရာမှာ မေဂျာတံဆိပ်နဲ့ ညာဘက်လက်မောင်းနေရာမှာ TVET တံဆိပ်တပ်ဆင်ရမှာ ဖြစ်ပါတယ်။
အစိုးရနည်းပညာကောလိပ်နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံတွေမှာ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနဲ့ စက်မှု အင်ဂျင်နီယာ စတဲ့သင်တန်းတွေ ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။
Source: 7Day Daily
Photos: TU - Info (facebook)
Photos: TU - Info (facebook)
Post a Comment