ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ် မိုင်းလင်း(အရှေ့)အုပ်စု ဟွေဝယ် ရွာ နမ့်လင်းချောင်းစပ်၌ လူမှုရေး ကိစ္စနှင့်ပတ်သက်၍ အမျိုးသားတစ်ဦး အား နောက်ပြန်ကြိုးချည် ကျောက်ခဲဖြင့် ထုရိုက်ပြီး ချောင်းအတွင်းမျှောသူ များအနက် နိုဝင်ဘာ ၉ ရက်က နှစ်ဦး ဖမ်းဆီးရမိပြီး နှစ်ဦးတိမ်းရှောင်နေ ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စုရန်ရှင်း(၃)ရွာနေ မမေရီက ၄င်း၏ခင်ပွန်း အိုက်ထွန်းသည် အောက်တိုဘာ ၃၁ ရက် က တာချီလိတ်မြို့နယ် မိုင်းလင်း(အရှေ့) အုပ်စု ဟွေဝယ်ရွာသို့ ပိုက်ဆံအကြွေး တောင်းရန် ယာဉ်အမှတ် 6G/------- ယာဉ်ဖြင့် ထွက်သွားရာ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် စုံစမ်း ခဲ့ရာ အိုက်ထွန်းအား ဟွေဝယ်ရွာနေ မနာဝေါ် ၏ နေအိမ်၌ ကျရှဲ၊ ကျအီပေါ နှင့် အိုက်ခမ်းပီးတို့သုံးဦးက ခေါ်ဆောင် သွား၍ ပျောက်ဆုံးနေကြောင်း မိုင်းလင်း နယ်မြေ ရဲစခန်းသို့ လာရောက်တိုင်တန်း ခဲ့သည်။
တိုင်တန်းမှုအား လူပျောက်ရေးဖွင့် ၍ ရဲအုပ် ကျော်ရင်က စုံစမ်းစစ်ဆေးခဲ့ ရာ နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကျရှဲအား တာချီလိတ်မြို့ ဆေခမ်း ရပ်ကွက်လမ်းမပေါ်တွင် တွေ့ရှိ၍ ဟောင်လိတ်ရဲကင်းစခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့သည့် ¤င်း၏ထွက်ဆိုချက်အရ အိုက်ထွန်းသည် မနာဝေါ်အား သားမယား ပြုကျင့်ရန်အားထုတ်ကြောင်း မနာဝေါ် က ဖုန်းဖြင့်ပြောပြသိရှိရ၍ ကျရှဲပါ သုံးဦးသည် မနာဝေါ်အိမ်သို့ ရောက်ရှိ လာပြီး အိုက်ထွန်းအား နောက်ပြန်ကြိုး ချည်ကာ ကျရှီတွင် အသင့်ပါလာသော လက်ထိပ်ဖြင့်ထပ်မံခတ်၍ အိုက်ထွန်း၏ကားဖြင့် တင်ဆောင်သွားခဲ့ကြောင်း၊ ဟွေဝယ်ရွာ အရှေ့ တောင်ဘက် ခုနစ်မိုင် ခန့် နမ့်လင်းချောင်းစပ်တွင် ကျရှဲပါ သုံးဦးက သံတုတ်နှင့် ရိုက်၊ ဦးခေါင်းအား ကျောက်ခဲဖြင့် ထုရိုက်ခဲ့ပြီး ချောင်း အတွင်း မျှောခဲ့ကြောင်း ထွက်ဆိုခဲ့ သည်။
အမှုမှ အိုက်ထွန်း(၃၅ နှစ်) အား သေဆုံးအောင်ပြုလုပ်သူ ကျရှဲ(၄၁ နှစ်)၊ မနာဝေါ် (၂၈ နှစ်)၊ အိုက်ခမ်းပီးနှင့် ကျအီ ပေါတို့လေးဦးအား မိုင်းလင်းနယ်မြေ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်သူ အိုက်ခမ်းပီး နှင့် ကျအီပေါတို့အား ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.