0

ရန်ကုန်၊ နိုဝင်ဘာ ၁ဝ

ရန်ကုန်တိုင်း ဒေသကြီး အစိုးရက တရား စွဲဆိုထားသော Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဖမ်းဆီးရန်အတွက် ပိုက်စိပ်တိုက် ရှာဖွေမှုစတင် ပြုလုပ်နေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး မြင့်ထွေးက နိုဝင်ဘာ ၁ဝ ရက်နေ့ ည ၇နာရီ ခွဲခန့်တွင်  ပြောကြားသည်။
ကျေးဇူးပြု ပြီး အောက်ကကြော်ငြာပုံလေးကိုတစ်ချက်လောက် နှိပ်ပေးခဲ့ပါနော် …
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ …
ဒေါ်လာသိန်းကျော်တန် နာရီကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ညွန်ကြားရေးမှူး ဦးမိုးဟိန်းက ဒေါက်တာ သန်းထွဋ်အောင်နှင့် Eleven Media ကို ဆက်သွယ်ရေး ဥပဒေအရ အရေး ယူပေးရန် အမှု ဖွင့်ခဲ့ရာ နိုဝင်ဘာ ၉ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် Eleven Media Group ရုံးခန်းသို့ သွားရောက်၍ အကြောင်းကြားဆင့်ခေါ်စာ ပေးပို့ခဲ့သည်။

“ဒီကနေ့ ညနေ ၄ နာရီအထိ စောင့်ပါဆိုလို့ စောင့်ခဲ့ပြီး ၄ နာရီထိုးတဲ့အခါ ဆင့်ခေါ်စာကို လက်ခံ ယူထားတဲ့ အထွေထွေ မန်နေဂျာ ကိုထိန်လင်းကို ဆက်သွယ်လိုက်တဲ့အခါ ဒေါက်တာ သန်းထွဋ်အောင်နဲ့ရော ကိုဝေဖြိုးနဲ့ပါ အဆက်အသွယ် မရဘူး ဖြစ်နေတာကြောင့် ရဲလုပ်ထုံး လုပ်နည်းတွေနဲ့ ဆက်လုပ်သွားမယ်။ သတင်းအချက်ရရှိမှုအလိုက် ဒီညမှာ ရှာဖွေ ဖမ်းဆီး အရေးယူမှုတွေ လုပ်သွားမယ်”ဟု ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။

ယင်းအပြင် ဒေါ်လာ တစ်သိန်းကျော်တန် နာရီကို ဝန်ကြီးချုပ်ထံ လက်ဆောင်ပေးသည်ဟု Eleven Media Group ၏ ရေးသား ဖော်ပြမှုတွင် ပါဝင်သည့် ဦးမောင်ဝိတ်ကို တာမွေ မြို့မရဲစခန်းတွင် ၃ နာရီခန့် ခေါ်ယူစစ်ဆေး မေးမြန်းမှုတို့ကို ယနေ့တွင် ပြုလုပ်ခဲ့ကြောင်း တာမွေ မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက Eleven Media Group ၏ ရေးသားမှုများနှင့် ပတ်သက်၍ ထိန်းသိမ်းကြပ်မတ် ဖြေရှင်း ဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီသို့ တိုင်ကြားခဲ့ရာ လက်ရှိ အမှုဖွင့်ထားခြင်းအား ရုပ်သိမ်းမှသာလျှင် သတင်း မီဒီယာ ကောင်စီအနေနှင့် ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက အကြောင်း ပြန်ကြားခဲ့သည်။

The Voice မှ ကူးယူဖော်ပြပါသည်။ ကျေးဇူးပြု ပြီး အောက်ကကြော်ငြာပုံလေးကိုတစ်ချက်လောက် နှိပ်ပေးခဲ့ပါနော် …
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ …

Post a Comment

 
Top