သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ Fan Group မိသားစု စုပေါင်းမဟာဘုံကထိန် အလှူပွဲကို နိုဝင်ဘာလ(၆)ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကထိန်အလှူပွဲကို ကျောက်ပန်းတောင်းမြို့နယ်မှာ ရှိတဲ့ ပုပ္ပားမြောက်တောကျေးရွာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သူမချစ်တဲ့ Fan Group နဲ့အတူ ကထိန်သင်္ကန်းလှူဒါန်းခွင့်ရသလို သူမအတွက် တကူးတက အချိန်ပေးပြီး ဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးကြလို့လည်း ကျေးဇူးတင်လို့ စိုးမြတ်နန္ဒာက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : စိုးမြတ်နန္ဒာ ဖေ့စ်ဘွတ်




Post a Comment