0

ကျေးဇူးပြု ပြီး အောက်ကကြော်ငြာပုံလေးကိုတစ်ချက်လောက် နှိပ်ပေးခဲ့ပါနော် …
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ … ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ဂါရ၀ပြုလွမ်းသူ့ပန်းခွေချအခမ်းအနားသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တစ်ရက်တာခရီးရောက်ရှိလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(နိုဝင်ဘာ ၉ ရက်)တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀နာရီ ၁၀ မိနစ်တွင် ထိုင်းဘုရင့်နန်းတော် Dusit Maha Prasat Throne Hall တွင် နတ်ရွာစံသွားသည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ရှ်အား ဂါရ၀ပြုပြီး လွမ်းသူ့ပန်းခွေချကြောင်း၊ ထို့နောက် ထိုင်းဘုရင်မင်းမြတ်နတ်ရွာစံခြင်းအတွက် ၀မ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မွန်းလွဲပိုင်းတွင် မြန်မာသံရုံး ဘန်ကောက်မြို့သို့ သွားရောက်ပြီး သံရုံးအဆောက်အဦသစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ သံရုံး/စစ်သံရုံးမှဝန်ထမ်းများ၊မိသားစုများ၊ မြန်မာပညာတော်သင်ကျောင်းသူ/ကျောင်းသားများနှင့် တွေ့ဆုံမှုပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘန်ကောက်မြို့မှ မြန်မာနိုင်ငံသို့ ယနေ့ညပိုင်းတွင် ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ- Ministry of Foreign Affairs Myanmar(Facebook) ကျေးဇူးပြု ပြီး အောက်ကကြော်ငြာပုံလေးကိုတစ်ချက်လောက် နှိပ်ပေးခဲ့ပါနော် …
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ …

Post a Comment

 
Top