0


ဆိုးလ်၊ နိုဝင်ဘာ ၈

တောင်ကိုရီးယား အမှုလိုက် အရာရှိများသည် သမ္မတ ပတ်ဂွမ်ဟီးနှင့် ပတ်သက်သည့် နိုင်ငံရေး အရှုပ်အထွေးကို စုံစမ်း စစ်ဆေးသည့် အစီအစဉ် တစ်ရပ်အနေနှင့် Samsung ကုမ္ပဏီရုံးခန်းများကို စီးနင်း ရှာဖွေခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ကျေးဇူးပြု ပြီး အောက်ကကြော်ငြာပုံလေးကိုတစ်ချက်လောက် နှိပ်ပေးခဲ့ပါနော် …
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ …

သမ္မတ၏ ရင်းနှီးသော မိတ်ဆွေ ချိုဆွန်ဆီး၏ သမီးဖြစ်သူထံ Samsung ကုမ္ပဏီက ပိုက်ဆံပေးခဲ့သည်ဟူသော စွပ်စွဲချက်များကို အမှုလိုက် အရာရှိများက စုံစမ်းစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

ချိုဆွန်ဆီသည် နိုင်ငံရေးတွင် ကြားဝင်စွက်ဖက်ရန်နှင့် အလှူငွေ တောင်းခံရန် သမ္မတနှင့် ရင်းနှီးမှုကို အသုံးချခဲ့သည်ဟု စွပ်စွဲခံထားရသည်။

သက်ဆိုင်ရာ၏ စီးနင်းရှာဖွေမှုကို Samsung ကုမ္ပဏီက အတည်ပြုသော်လည်း မှတ်ချက်ပေးစရာ မရှိဟု ပြောကြားသည်။

ချိုဆွန်ဆီးနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့မှုကို သမ္မတ ပတ်ဂွန်ဟီးက တောင်းပန်ထားသော်လည်း သူမ နုတ်ထွက်ရန် တောင်းဆိုမှုများ ကြီးထွား လာနေသည်။

အဆိုပါ အရှုပ်အထွေးတွင် ချိုဆွန်ဆီး၏ သမီးဖြစ်သူ ဂျာမနီတွင် မြင်းစီးသင်တန်း တက်ရန် ငွေကြေးထောက်ပံ့သည့် အနေနှင့် Samsung ကုမ္ပဏီက ချိုဆွန်ဟီးနှင့် သမီးဖြစ်သူ ပူးတွဲ ပိုင်ဆိုင်သော ကုမ္ပဏီသို့ ဒေါ်လာ ၃ ဒသမ ၁ သန်း ပေးခဲ့သည် ဟူသော စွပ်စွဲချက်ကို အမှုလိုက်များက စုံစမ်း စစ်ဆေးနေခြင်း ဖြစ်သည်။
 
ကိုရီးယား မြင်းစီးအဖွဲ့ချုပ်နှင့် မြင်းစီး အသင်းတို့၏ ရုံးများကိုလည်း အမှုလိုက်များက စီးနင်း ရှာဖွေခဲ့ကြသည်ဟု သိရှိရသည်။

ချိုဆွန်ဆီးကိုမူ နိုဝင်ဘာလ ၃ ရက် က ဖမ်းဆီးကာ လိမ်လည်မှု၊ အာဏာ အလွဲ သုံးစားမှုများဖြင့် တရား စွဲဆိုထားပြီဖြစ်သည်။

ပြီးခဲ့သော ရက်များအတွင်း ဆိုးလ်မြို့တော်တွင် ထောင်ပေါင်း များစွာသော ဆန္ဒပြသူများက သမ္မတ ပတ်ဂွမ်ဟီး နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

သမ္မတ ပတ်ဂွမ်ဟီးနှင့် ကာလရှည်ကြာ မိတ်ဆွေဖြစ်ခဲ့သူ ချိုဆွန်ဆီးသည် သမ္မတပတ်၏ဖခင် ကွယ်လွန်သူခေါင်းဆောင် ပတ်ချုံဟီးနှင့် ရင်းနှီးသော ဘာသာရေး ဆရာမ ချိုတေးမင်၏ သမီးဖြစ်သည်။

ချိုဆွန်ဆီးသည် သူမ ထိန်းချုပ်ထားသော ဖောင်ဒေးရှင်းများအတွက် ကုမ္ပဏီများထံ ဒေါ်လာသန်းနှင့်ချီ၍ အလှူခံခြင်း၊ သမ္မတ၏ လက်ထောက်များကို ကူညီရွေးချယ်ပေးခြင်း၊ သမ္မတအတွက် အဝတ်အစားများကိုပင် ရွေးချယ်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံနေရသည်။

သမ္မတ ပတ်ဂွမ်ဟီးက အစိုးရမူဝါဒ ချမှတ်မှုတွင် သူမ၏ မိတ်ဆွေကို မလျှော် မကန် ပါဝင်ခွင့်ပြုခဲ့မိခြင်းကို တောင်းပန်လိုက်ပြီး သူမ၏ မိန့်ခွန်းများကို တည်းဖြတ်ရန် ခွင့်ပြုခဲ့သည်ဟု ဝန်ခံပြောကြားသည်။ 

ထို့ပြင် ဝန်ကြီးချုပ်ကို အစားထိုးခြင်း၊ အစိုးရ အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ လက်ထောက်များကို နုတ်ထွက်စေခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း သူမကို နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ကြီးထွားလာနေသည်။

ယခု အရှုပ်အထွေးကြောင့် သမ္မတ ပတ်ဂွမ်ဟီးကို လူကြိုက်များမှု ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။
 
အဓိက အတိုက်အခံ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ချူးမိအဲ့က သမ္မတ၏ တောင်းပန်မှုကို အစစ်အမှန်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့ပြီး ပါလီမန်က အကြံပြုသော ဝန်ကြီးချုပ်ကို လက်ခံရန် တောင်းဆိုထားသည်။   

The Voice မှ ကူးယူဖော်ပြပါသည်။
ကျေးဇူးပြု ပြီး အောက်ကကြော်ငြာပုံလေးကိုတစ်ချက်လောက် နှိပ်ပေးခဲ့ပါနော် …
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ …

Post a Comment

 
Top