ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံတွင် လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှစပြီး ပုဂ္ဂလိကကုမ္ပဏီများကို သစ်ထုတ်လုပ်ငန်းများတွင် ပါဝင်ခွင့် ပေးတော့မည် မဟုတ်ဟု မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးညီညီထွန်းက ပြောကြားသည်။
သစ်တော မရှိသည့် ရန်ကုန်တိုင်းနှင့် သစ်များ အကြီးအကျယ် ထုတ်ခဲ့သည့် ပဲခူးတိုင်းကို အနားပေးပြီ ကျန်တိုင်းနှင့် ပြည်နယ်ရှိ သစ်တောများမှ ကျွန်းတန် ၁၃,ဝဝဝ နှင့် သစ်မာ သုံးသိန်းခွဲ ထုတ်ရန် လျာထားရာ မြန်မာ့သစ်လုပ်ငန်း တစ်ခုတည်းကပင် နိုင်နိုင်နင်းနင်း ထုတ်နိုင်သည့် ပမာဏ ဖြစ်နေသောကြောင့် ပုဂ္ဂလိက ကုမ္ပဏီများကို ပါဝင်ခွင့် မပေးခြင်းဖြစ်ကြောင်း၊ သစ်ထုတ်ရန်ရည်ရွယ် သတ်မှတ်ထားသော ပမာဏနှင့် ဆင်ကောင်ရေ လုံလောက်ကြောင်း လိုအပ်လျှင် အနည်းငယ်မျှသာ ပြင်ပက ငှားရမ်ဟု ၎င်းက ပြောကြားသည်။
“ဌာနကရှိတဲ့ အင်အားထက် ထုတ်လုပ်နိုင်တဲ့ ပမာဏက ပိုတဲ့အခါ လိုအပ်ချက်ကြောင့် ပြင်ပက အင်အားတွေကို ငှားသုံးရာမှ ကုမ္ပဏီလုပ်ပြီး သစ်ထုတ်တဲ့ အနေထား ဖြစ်သွားတာပါ”ဟု ဦးညီညီထွန်းက ဆိုသည်။
အစိုးက ဦးစီးပြီး သစ်ထုတ်လုပ်မည်ဆိုလျှင် ကြိုဆိုပါကြောင်းနှင့် သတ်မှတ်သည် ပမဏာကို ကျော်လွန်ပြီး ထုတ် မထုတ်ကို စောင့်ကြည်ရမည့်စနစ် တစ်ခုရှိရန် လိုနေသဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်ရေး အဖွဲ့များမှ စောင့်ကြည်ရန် အရေးကြီးလာသည်ဟု POINT ရိုးရာ ဝန်းကျင် မြင့်မားရေးအဖွဲ့မှ စီမံကိန်း မန်နေဂျာ ဦးမျိုးကိုကိုက ပြောကြားသည်။
မြန်မာနိုင်ငံသည် သစ်တောဖုံး လွှမ်းမိုးမှုသည် ၁၉၉ဝ ခုနှစ်တွင် နိုင်ငံ ဧရိယာ ၅၇ ဒသမ ၉၇ ရာခိုင်းနှုန်းရှိပြီ ၂ဝ၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်းနှုန်း ရှိသည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
The Voice မှ ကူးယူေ်ပြပါသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.