0

ကျိုက်ထီးရိုးဆံ တော်ရှင်စေတီတော်တွင် ယခုနှစ်အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ၉ ရက်အထိ ၂၅ ရက်အတွင်း အလှူခံပုံးများမှ  အလှူငွေရရှိမှုသည် ယခင်ဘဏ္ဍာနှစ်အတွင်း အလှူခံပုံးများမှ ရရှိငွေထက် ပိုမိုများပြားခဲ့ကြောင်း  သတင်းရရှိ သည်။
ကျိုက်ထီးရိုးစေတီတော်ပွဲ တော်ရာသီ အောက်တိုဘာ ၁၆ ရက် (သီတင်းကျွတ်လပြည့်နေ့)မှ နိုဝင်ဘာ ၉ ရက်အထိ ရွှေသင်္ကန်း၊ ရွှေစင်ရွှေပြားကပ်လှူရန်၊ ဘက်စုံမွမ်းမံရန်၊ လျှပ်စစ်မီးပူဇော်ရန်၊ ရေသွယ်တန်းရန်နှင့် ဝေယျာဝစ္စ စသည်ဖြင့် အလှူခံပုံး ၂၈ ပုံးထားရှိခဲ့ပြီး ဖွင့်ဖောက်စစ်ဆေးရာ အ လှူငွေကျပ် ၄၂၂ သိန်းရရှိခဲ့ခြင်း ဖြစ်သည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တစ် နှစ်လုံးတွင် အလှူခံပုံးများမှ ရငွေ စာရင်းအရ ကျပ် ၄၀၈ သိန်းကျော် ရှိခဲ့ရာ ယခု ၂၅ ရက်အတွင်း အလှူငွေရရှိမှုသည် ကျပ် ၁၃ သိန်းကျော်  ပိုမိုခဲ့သည်ဟု  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းမှုဖြင့် ကန်ထရိုက်ပေးထား သည့် အလှူခံဌာနများဖျက်သိမ်း ခြင်း၊ အလှူငွေများကို ရင်ပြင် ပေါ်ရှိ ဘက်စုံအလှူခံဌာနနှင့် အ လှူခံပုံးများတွင်သာ ထည့်ဝင်လှူ ဒါန်းနိုင်ရန် နှိုးဆော်စာများနှင့် ဆိုင်းဘုတ်များကပ်ခြင်း၊ စေတီ တော်ကြီးနှင့်မသက်ဆိုင်သည့် အ လှူခံပုံး ၃၁ ခုကို ဖျက်သိမ်းခြင်း စသည့် ပြုပြင်ပြောင်းလဲမှုများ ကြောင့် အလှူငွေများ ပိုမိုရရှိခဲ့ ခြင်းဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦး အောင်ဆန်းဝင်းက ပြောသည်။
‘‘ကျိုက်ထီးရိုးမှာ ဂေါပက အသစ်ပြောင်းလဲသွားတဲ့ အချိန်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ အချိန်မှာ အလှူငွေတွေ တိုးပြီးရ တယ်။ ကန်ထရိုက်အလှူခံပုံးတွေ ဖျက်သိမ်းတာနဲ့ ပြုပြင်ပြောင်းလဲ တာကိုလည်း ဘုရားဖူးပြည်သူ တွေက ကျေနပ်တယ်လို့ ပြန်ကြား ရတယ်’’ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။
‘‘သီတင်းကျွတ်လပြည့်မှာ စတာဝန်ယူရတယ်။ တန်ဆောင် တိုင်လပြည့်မတိုင်ခင်အထိ ငါး ကြိမ်ဖောက်ပြီးသွားပြီ။ ဘုရားရှေ့မှာရှိတဲ့ မှန်ပုံးတွေနဲ့ ထောင်ထား တာကိုပြောတာ။ ငါးကြိမ်ဖောက် လိုက်တာ သိန်း ၄၀၀ ကျော်ရ တယ်။ လမ်းမှာ အလှူခံတွေ မ ထားတော့ဘူး။ ဘုရားနဲ့ပတ်သက် တဲ့ အလှူခံတွေအားလုံးကို ရုပ် သိမ်းလိုက်တယ်။ ဒါကတစ်ချက် ပေါ့။ နောက်တစ်ချက်က ဘုရား ရှေ့မှာထားတဲ့ အလှူခံပုံးတွေက အရင်တုန်းကဆိုရင် ဘုရားအ တွက်ပဲ မဟုတ်ဘူး။ ဒီ့ပြင်က အ လှူခံပုံးတွေပါ လာလာထားကြ တယ်။ အလှူခံပုံးတွေက အများ ကြီးပဲ။ ကျွန်တော်တို့လက်ထက် မှာ ကျိုက်ထီးရိုးဆံတော်ရှင်ရှေ့ မှာ ရှိတဲ့ အလှူခံပုံးသည် ကျိုက် ထီးရိုးဆံတော်ရှင်အတွက်ပဲဖြစ်ရ မယ်။ ကျန်တဲ့ လာထားတဲ့ အလှူ ခံပုံးတွေ အကုန်လုံးကို လက်မခံ တော့ဘူး။ မူအရပေါ့။ အဓိကက တော့ အဲဒီနှစ်ချက်ပေါ့’’ဟု ကျိုက် ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ဝင် ဒေါက်တာခင်ဆောင်က ပြော သည်။
‘‘အရင်က ဘုရားအတွက် အလှူခံပုံးသည် ၁၁ ပုံးလောက်ပဲ ရှိတယ်။    ဒီ့ပြင်အလှူခံပုံးတွေ လာလာထားတာပုံး ၃၀ ကျော် ၄၀နီးပါးရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့က မူအရ ကျန်တဲ့အလှူခံ ပုံးတွေကို     အလှူခံခွင့်မပေး တော့ဘူးလေ။ နောက်ပြီး အရင်က လမ်းမှာ အလှူခံတွေအများကြီးရှိတယ်။   အဲဒါကို   ပိတ် သိမ်းလိုက်ပြီးတော့    အလှူခံပုံး တွေရှိတယ်။     ဘက်စုံအတွက် ဘောက်ချာဖြတ်ပြီး အလှူခံတာ တွေရှိတယ်။ အဲဒီမှာပဲ လှူဖို့ ဗီနိုင်းတွေနဲ့ ကြေညာထားတာ ရှိပါ တယ်။ အဲဒါတွေကြောင့် များလာ တယ်လို့ပဲ ကျွန်တော်ပြောပါရ စေ’’ဟု ဒေါက်တာခင်ဆောင်က ဆက်လက်ပြောသည်။
၂၀၁၅-၁၆ ပွဲတော်ကာလ တွင် ဆည်းလည်းရောင်းခြင်းလုပ် ငန်းကို  ကန်ထရိုက်စနစ်ကျင့်သုံး ခဲ့ရာ လေလံကြေးငွေကျပ် ၁၆၇ သိန်းကျော်ရရှိခဲ့ပြီး ပုံသေဈေးနှုန်း မရှိခြင်းကြောင့် ဈေးနှုန်းကြီးမြင့် ပြီး ဘုရားဖူးများအနေဖြင့် နစ်နာ မှုများ ကြုံတွေ့ခဲ့ရသည်။
ယခုနှစ်ပွဲတော်ကာလတွင် ဂေါပကအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆည်းလည်းအမျိုးအစားလေးမျိုး ခွဲခြားလျက် ရောင်းချခဲ့ရာ တစ်လ အတွင်း အမြတ်ငွေကျပ် ၂၁ သိန်း ကျော်ရရှိခဲ့သည်ဟု ယင်းဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ဂေါပကအဖွဲ့သည် ဘုရားဖူးရဟန်းရှင်လူအများပြည် သူတို့၏ ဆက်သွယ်ပြောကြားမှု များကို အလေးအနက်ထား၍ လို အပ်ချက်နှင့်အညီ ပြုပြင်ပြောင်း လဲမှုများ ဆက်တိုက်ဆောင်ရွက် နေသည်ဟု ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ယခင်ကျိုက်ထီးရိုးဂေါပက တွင် အဖွဲ့ဝင် ၁၄ ဦးရှိပြီး ယခုနှစ် ဇွန်လ ၂၇ ရက်က သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ပြု လုပ်သည့် ကျိုက်ထီးရိုးစေတီ တော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ဂေါပကအဖွဲ့၏ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုညံ့ဖျင်းမှု များနှင့်ပတ်သက်၍ တိုင်ကြားမှု များရှိသဖြင့် ဂေါပကအဖွဲ့ကို ယာယီဂေါပကအဖွဲ့အဖြစ် အဆင့် လျှော့ချခဲ့ပြီးနောက် အသစ်ပြန် လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဂေါပကအဖွဲ့ကို စက်တင်ဘာ ၃၀ ရက်တွင် သာသ နာရေးဝန်ကြီးဌာနမှ   စတင်ခန့် အပ်ခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ၁၆ ရက် (သီတင်းကျွတ်လပြည့်နေ့)တွင် စတင်တာဝန်ထမ်းဆောင် သည်။

7Daydailyမှကူးယူဖော်ပြပါသည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top