မြိတ် နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကဘင်းကျေးရွာအုပ်စု မိုင်းသွေးကျေးရွာတွင် နိုဝင်ဘာလ (၉)ရက် နေ့လယ်(၁၂)နာရီက စက်လှေတစ်စီးအား ငွေကျပ်(၁၂)သိန်းဖြင့် လာရောက်ဝယ်ယူသူ တစ်ဦးထံမှ တစ်သောင်းတန်ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မိုင်းသွေးကျေးရွာနေ ဦးကျော်ထွန်းနိုင်(ခ)ဒီးဒီးသည် ၄င်းထံမှ လှေအား (၁၂)သိန်းကျပ်ဖြင့် လာရောက်ဝယ်ယူသည့် ငွေသန်း (ခ) တိုးငယ် (ဘီယာချမ်းပုလင်းဆေးလုပ်ငန်း၊ ၉၉၉ ဂိုဒေါင်၊ စွယ်နှာခေါင်းရပ်၊ ရနှောင်းမြို့) ထိုင်းနိုင်ငံနေထိုင်သူ (ယခင်က သဘောင်းတောင်ကျေးရွာနေသူ)မှ ပေးချေ သည့်ငွေများမှာ အတုများဖြစ်နိုင်ကြောင်း ဖုန်းဖြင့်သတင်းပေးပို့လာသဖြင့် ကံမော်နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် အောင်ဇော်မင်းထွန်း နှင့် အဖွဲ့ သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ငွေသန်း(ခ)တိုးငယ်ထံမှ ငွေစက္ကူအတုဟု ယူဆရသော တစ်သောင်းကျပ်တန် ငွေစက္ကူ(၁၂၄)ရွက်အား တွေ့ရှိသဖြင့် ရဲအုပ် အောင်ဇော်မင်းထွန်းမှ သက်သေများ ရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ ၄င်းငွေစက္ကူအား စစ်ဆေးခဲ့ကြရာ အတုများ ဖြစ်နေကြောင်း သိရသည်။
အဆိုပါ ငွေစက္ကူအတုများဖြင့် စက်လှေဝယ်ယူကာ ငွေပေးချေရန် ငွေတစ်သောင်းတန် ငွေစက္ကူ အတုများအား သုံးစွဲသူ သန်းငွေ(ခ)တိုးငယ်အား ကံမော်နယ်မြေရဲစခန်းမှ (ပ)၄၃/၂၀၁၆၊ မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မြိတ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.