အမေရိကန် ရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ကို အနိုင်ရပြီး သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်တစ်ယောက် အိမ်ဖြူတော်ကို ရောက်လာတဲ့ ပထမဆုံးနေ့မှာ ဘာလုပ်မလဲဆိုတာကို ဗြိတိန်ဓာတ်ပုံဆရာမက ခန့်မှန်းသရုပ်ဖော်ထားပါတယ်။
ဒေါ်နယ်ထရန့်အစစ်လို ဟန်ဆောင်ပြုပြင်ထားတဲ့ လူတစ်ဦးကို အသုံးပြုကာ သမ္မတသစ်ထရန့်ရဲ့ အိမ်ဖြူတော် ပထမဆုံးနေ့ ဆိုပြီး ဖော်ချွတ်မော်ဒယ်တွေနဲ့ အောင်ပွဲခံနေပုံကို ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံဆရာမ အလီဆန်နဂျက်ဆင်က ဒီဓာတ်ပုံတွေကို စီစဉ် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အိမ်ဖြူတော် ဘဲဥပုံ ရုံးခန်းထဲမှာ ဒေါ်နယ်ထရန့်က ဘီကီနီဝတ်အမျိုးသမီးတစ်သိုက်နဲ့ ဝရုန်းသုံးကားဖြစ်နေကြကာ ဆယ်လ်ဖီအတူ ရိုက်နေတဲ့ပုံတွေလည်း ပါဝင်ခဲ့ပါတယ်။
ဓာတ်ပုံတစ်ပုံမှာဆိုရင် ဒေါ်နယ်ထရန့်က Miss Mexico ဆိုတဲ့ အလှမယ် စလွယ်ကို ဝတ်ထားပြီး စားပွဲပေါ်မှာ ရှိနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ခြေကျင်းဝတ်ကို ကိုင်ထားတာ တွေ့ရပါတယ်။ ဓာတ်ပုံအနုပညာရှင် အလီဆန်ဟာ ဒေါ်နယ်ထရန့်ကိုသာ မကဘဲ အရင်ကလည်း အင်္ဂလန်ဘုရင်မကြီး အိမ်သာတက်နေတဲ့ပုံတွေကိုတောင် ဖန်တီးဖူးတဲ့သူဖြစ်ပါတယ်။
သမ္မတဖြစ်လာတဲ့ ထရန့်က သူ့အတွက် စစ်ဦးစီးချုပ်ဝတ်စုံ ချုပ်ဖို့ကိုယ်တိုင်းယူနေတဲ့ပုံ၊ သမ္မတရုံးခန်းထဲမှာ ပလေးဘွိုင်းမဂ္ဂဇင်းဖတ်နေတဲ့ပုံတွေကိုလည်း ဖန်တီးခဲ့ပါသေးတယ်။
ှSource : Mirror
Duwunမှ ကူးယူတင်ပြပါသည်။
Post a Comment