0

Eleven Media ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တာမွေမြို့နယ် တရားရုံးတွင် ချုပ်ရက် ယမန်ယူပြီးနောက်တွင် အင်းစိန်ထောင်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။


ထိုပြင် တောင်မြင်းပြိုင်ကွင်းလမ်း ရှိ Eleven မီဒီယာတိုက်မှ ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့၏ ရုံးခန်းမှ အမှုနှင့်ဆိုင်သော သက်သေခံပစ္စည်းများကို ရဲတပ်ဖွဲ့က သိမ်ဆည်းရန်ရှိကြောင်း ၎င်းက ဆက်လက်သတင်းပေးပို့သည်။

ဓာတ်ပုံ - မိုးကျော်လွင်

Post a Comment

 
Top