0

မန္တလေး၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယာယီရပ်ဆိုင်းခိုင်းထားသော အမရပူရမြို့နယ်ရှိ ဦးပိန်တံတား ပြင်ဆင်နေမှုကို ယခုရက်ပိုင်းအတွင်း ပြန်လည်စတင်ဖွယ်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။

“တိုင်းဒေသကြီးအစိုးရက ပြန်လည်ပြင်ဆင်ချင်တယ်၊ တံတားက ပြင်လက်စလည်း ဖြစ်နေတယ်။ အရင်ပြင်ဆင်ခဲ့တဲ့ ကုမ္ပဏီနဲ့ပဲ ပြင်ဆင်မှာပါ” ဟု ၎င်းက ပြောကြားသည်။

နေ့စဉ် ထောင်နှင့်ချီ၍ ဖြတ်သန်းသွားလာမှု ပြုနေသည့် ဦးပိန်တံတား ရေရှည်တည်တံ့ခိုင်ခံ့ရေးအတွက် တံတားကြမ်းခင်းနှင့် တိုင်များကို ကျွန်းသစ်ဖြင့် အစားထိုး လဲလှယ်ပြုပြင်နေခြင်း ဖြစ်ပြီး လက်ရှိတွင် အခန်းပေါင်း ၉ဝ ကျော် (ထက်ဝက်ကျော်) ကို ပြင်ဆင်ပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (အထက်မြန်မာပြည်) ထံမှ သိရသည်။

တံတားပြန်လည်ပြင်ဆင်ရန် အကြောင်းကြားထားခြင်း မရှိသေးသောကြောင့် ပြန်လည်ပြင်ဆင်ခြင်း ပြုမည် မပြုမည်ကို မပြောနိုင်သေးကြောင်း တံတားပြင်ဆင်ခွင့် ရထားသည့် Myanmar Teak Wood  ကုမ္ပဏီ တာဝန်ရှိသူ ဦးဇော်ဝမ်းက ပြောဆိုသည်။

နှစ်ပေါင်း ၁၆ဝ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် ဦးပိန်တံတားကို ရှေးမူမပျက်စေရန် ပညာရှင်တို့၏ အကြံဥာဏ်ဖြင့် ၂ဝ၁၆ ခုနှစ် ဧပြီလအတွင်းမှ စတင်ကာ Myanmar Teak Wood  ကုမ္ပဏီက ပြင်ဆင်ခဲ့ပြီး အဆိုပါ ပြင်ဆင်နေမှုသည် တရားဝင် ခွင့်ပြုထားခြင်း မရှိဟုဆိုကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့တွင် ရပ်ဆိုင်းစေခဲ့သည်။

The Voice မှ ကူးယူဖော်ပြပါသည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top