![]() |
အကြမ်းဖက်သမားများက တံတားငယ်တစ်ခုကို မိုင်းထောင်ဖောက်ခွဲခဲ့၍ ပျက်စီးမှုကို တွေ့ရစဉ် |
လက်နက်ငယ်နှင့် ဓား၊ လှံ၊ မှိန်းများကိုင်ဆောင်ထား သည့် အကြမ်းဖက်သမားအင် အား ၅၀၀ ခန့်က တပ်မတော်စစ် ကြောင်းကို မောင်တောမြို့ ဂွဆုံ ကျေးရွာအနီးတွင် နိုဝင်ဘာ ၁၂ ရက်က စတင်၍ ဝိုင်းဝန်းပစ်ခတ် သဖြင့် တပ်မတော်(လေ)ကလေကြောင်း ပစ်ကူပေးခဲ့ရ ကြောင်း သတင်းရရှိသည်။
အကြမ်းဖက်သမားများ၏ အင်အားများပြားမှုကြောင့် အမ် အိုင်(၂)ရဟတ်ယာဉ်နှစ်စီးဖြင့် ၄၅ မိနစ်ခန့် ပစ်ကူပေးခဲ့ရကြောင်း တပ်မတော်၏ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက်သမားများက ဂွဆုံကျေးရွာအတွင်း ဆုတ်ခွာ ထွက်ပြေးရာ တပ်မတော်စစ် ကြောင်းများက လိုက်လံဝိုင်းဝန်း ပိတ်ဆို့ ရှင်းလင်းလျက်ရှိသည်။ အဆိုပါဖြစ်စဉ်တွင် တပ်မတော်မှ စစ်ကြောင်းမှူးတစ်ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ ကြောင်း တပ်မတော်က ထုတ်ပြန် သည်။
နိုဝင်ဘာ ၁၂ ရက် နံနက် ၆ နာရီကျော်တွင် မောင်တောမြို့ နယ် မယင်းတောင်ကျေးရွာအနီး ၌ တပ်မတော်စစ်ကြောင်းနှင့် လက်နက်ကိုယ်စီပါရှိသော အ ကြမ်းဖက်သမား အင်အား ၆၀ ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အ ကြမ်းဖက်သမားများ ဆုတ်ခွာခဲ့ရ သည်။
အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက် သမားများ၏အ လောင်းခြောက်လောင်းရရှိခဲ့ပြီး တပ်မတော်ဘက်က စစ်သည် တစ်ဦးကျဆုံးကာ အရာရှိစစ် သည်အချို့ ဒဏ်ရာရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းကို နံနက် ၁၀ နာရီခန့်တွင် ပွင့်ဖြူ ချောင်းကျေးရွာအတွင်းမှ လက် နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားရာ အကြမ်း ဖက်သမားများက ရွာကို မီးရှို့ပြီး ဂွဆုံကျေးရွာဘက်သို့ ထွက်ပြေး သွားခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်သည်။ ကျေးရွာအတွင်း မှ အကြမ်းဖက်သမားဟု ယူဆရ သူ ဘင်္ဂါလီအမျိုးသား ၃၆ ဦးအား ဖမ်းဆီးပြီး ဥပဒေအရ အရေးယူ နိုင်ရန် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်သို့ ပို့ဆောင် ရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်သည်။
ဂွဆုံကျေးရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခုက ချီတက်ရှင်း လင်းရင်း အကြမ်းဖက်သမား ၅၀၀ခန့်က တိုက်ခိုက်၍ တပ်မတော်က လေကြောင်း ပစ်ကူပေးခဲ့ရခြင်း ဖြစ်သည်။ နိုဝင်ဘာ ၁၂ ရက်တိုက်ပွဲမှာ မောင်တောဖြစ်စဉ်တွင် အ ချိန်အကြာဆုံး ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ကြောင်း နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင်အချို့က ပြော သည်။
ထို့အပြင် ကျီးကန်းပြင်မှ ငါးခူရစခန်းသို့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန် ထမ်းများကို ကားသုံးစီးဖြင့် ပို့ ဆောင်စဉ် အကြမ်းဖက်သမား များက လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့ကြောင်း တပ်မတော် က ထုတ်ပြန်သည်။
ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ သော်လည်း ကားတစ်စီး၏နောက် ပိုင်း ပျက်စီးခဲ့သည်။ မောင်နှမ (တောင်)ရွာအဝင် ဘေလီတံတား အမှတ် (၃၈) အနီး နိုဝင်ဘာ ၁၂ရက် တစ်ရက်တည်းမှာပင် ဖြစ် ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများက ကား လမ်းဘေး တောင်ကုန်းအနီးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ပါရှိ သည်။
ရဲတပ်ဖွဲ့ဝင်များက ပြန် လည်ပစ်ခတ်သဖြင့် ထွက်ပြေး သွားသော အကြမ်းဖက်သမား များကို ပူးပေါင်းအဖွဲ့က လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သတင်း ထုတ်ပြန်သည်။
7Day Newsမှ ကူးယူဖော်ပြပ့သည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.